back

မကွေးဈေးကွက်တွင် နှမ်းဖြူများ အဝင်နည်းပြီး တစ်တင်းလျှင် ကျပ် ၁၀,၀၀၀ အထိ ဈေးမြင့်တက်

Jan 10 • 2:04 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးဈေးကွက်တွင် နှမ်းဖြူများ အဝင်နည်းပြီး တစ်တင်းလျှင် ကျပ် ၁၀,၀၀၀ အထိ ဈေးမြင့်တက်

မကွေးမြို့နယ် နှမ်းဈေးကွက်အတွင်းသို့ နှမ်းဖြူအဝင်နည်းပါးလာခြင်းကြောင့် ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာကြောင်း မကွေးကုန်စည်ဒိုင်မှ သိရသည်။ လက်ရှိတွင် ပွင့်လင်း...

မကွေးမြို့နယ် နှမ်းဈေးကွက်အတွင်းသို့ နှမ်းဖြူအဝင်နည်းပါးလာခြင်းကြောင့် ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာကြောင်း မကွေးကုန်စည်ဒိုင်မှ သိရသည်။ လက်ရှိတွင် ပွင့်လင်းရာသီဖြစ်၍ နှမ်းအထွက်မရှိတော့ခြင်းနှင့် ပစ္စည်းရှားပါးလာခြင်းတို့ကြောင့် နှမ်းတစ်တင်းလျှင် ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ခန့်အထိ ဈေးတက်လာခြင်းဖြစ်ကြောင်း ကုန်စည်ဒိုင်ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းက ပြောကြားထားသည်။ ပြီးခဲ့သည့် မိုးရာသီတွင် နှမ်းဖြူစိုက်တောင်သူများ အရှုံးပေါ်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် အဝင်ပိုနည်းသွားခြင်းဖြစ်ပြီး ဆောင်းရာသီတွင် စားအုန်းဆီများ အေးခဲသဖြင့် နှမ်းဆီဝယ်ယူစားသုံးမှု ပိုမိုများပြားလာခြင်းကြောင့် နှမ်းဖြူဈေးနှုန်းမှာ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း ကုန်သည်များက သုံးသပ်ထားကြသည်။

news-view-count-icon

31