ရန်ကုန်ယူနိုက်တက်အသင်းသည် နည်းပြချုပ် ဦးဇော်လင်းထွန်း နုတ်ထွက်သွားပြီးနောက် လစ်လပ်နေသော ရာထူးနေရာတွင် အသင်း၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ တက်ဆူရို ယူကီကို နည်းပြချုပ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရသည်။ ယူကီသည် ၂၀၂၆ ခုနှစ်အစပိုင်းမှစ၍ ရန်ကုန်ယူနိုက်တက်နှင့် နည်းစနစ်ဒါရိုက်တာအဖြစ် စတင်လက်တွဲခဲ့သူဖြစ်ပြီး ယခုအခါ နည်းပြချုပ်အဖြစ် တာဝန်ယူကာ အသင်း၏ ချန်ပီယံရည်မှန်းချက်များ အောင်မြင်စေရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောကြားထားပါသည်။ အသင်း၏သမိုင်းကြောင်းနှင့် အောင်မြင်မှုများကြောင့် ဂုဏ်ယူမိကြောင်းနှင့် ကစားသမားများ၊ ဝန်ထမ်းများနှင့်အတူ တစ်ဖွဲ့တည်းအဖြစ် လက်တွဲလုပ်ကိုင်သွားမည်ဖြစ်ကြောင်း နည်းပြချုပ်သစ်က ဆိုပါသည်။
Jan 10 • 2:02 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 31 | 0 | 0 | 0 |


