ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ "လမင်းအိမ်" စက္ကူရုပ်စုံလုပ်ငန်းသည် တည်ထောင်သူ ဦးညီညီအောင်က ၎င်း၏သားဖြစ်သူ လမင်းအတွက် ဆော့ကစားရန် စက္ကူရုပ်လေးများ ဖန်တီးပေးရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မြန်မာ့ရိုးရာနှင့် အနောက်တိုင်းဟန်ပေါင်းစပ်ထားသည့် ဆန်းသစ်သောလက်ရာများကြောင့် ပြည်ပဈေးကွက်အထိ ထိုးဖောက်အောင်မြင်နေပြီ ဖြစ်သည်။ လက်ရှိတွင် တူမဖြစ်သူ မဇာဇာဝင်းက ဦးစီးဆောင်ရွက်လျက်ရှိပြီး အဆိုပါစက္ကူအရုပ်များကို ပြည်တွင်းရှိ အမှတ်တံဆိပ်ဆိုင်ကြီးများမှတစ်ဆင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချနေရကာ မြန်မာ့ရိုးရာအမွေအနှစ် လက်မှုပညာတစ်ရပ်ကို ကမ္ဘာကသိအောင် ဖော်ထုတ်နိုင်သည့်အတွက် များစွာဂုဏ်ယူမိကြောင်း သိရှိရပါသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှ "လမင်းအိမ်" စက္ကူရုပ်စုံလုပ်ငန်း- ဖခင်မေတ္တာမှသည် ကမ္ဘာ့ဈေးကွက်ဝင် မြန်မာ့လက်မှုအနုပညာအထိ
Jan 10 • 1:58 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 36 | 0 | 0 | 0 |


