back

မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ်အတွင်း ဘုရားဖူးဧည့်သည် ၆.၉၅ သန်းကျော် လာရောက်ခဲ့

Jan 10 • 2:00 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ်အတွင်း ဘုရားဖူးဧည့်သည် ၆.၉၅ သန်းကျော် လာရောက်ခဲ့

မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်စုစုပေါင်း ၆.၉၅ သန်းကျော် လာရောက်ခဲ့ပြီး ယင်းအနက် နိုင်ငံခြာ...

မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်စုစုပေါင်း ၆.၉၅ သန်းကျော် လာရောက်ခဲ့ပြီး ယင်းအနက် နိုင်ငံခြားသားခရီးသွား ၇၆,၀၀၀ ကျော် ပါဝင်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ  ဇန်နဝါရီလ ၉ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ဘုရားဖူးဧည့်သည် ၈.၆၅ သန်းကျော် (နိုင်ငံခြားသား ၉၀,၀၀၀ ကျော်အပါအဝင်) ဝင်ရောက်ခဲ့သဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်သည် ယခင်နှစ်ထက် ဘုရားဖူးအရေအတွက် အနည်းငယ်လျော့နည်းခဲ့သော်လည်း စေတီတော်မြတ်ကြီးကို နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ကာ ဘုရားဖူးပြည်သူများကို ကြိုဆိုလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

90