back

ထားဝယ်တက္ကသိုလ်တွင် စီးပွားရေးဥပဒေပညာDiploma in Business Law သင်တန်း ပထမဆုံးအကြိမ် ဖွင့်လှစ်မည်

Jan 10 • 1:57 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်တက္ကသိုလ်တွင် စီးပွားရေးဥပဒေပညာDiploma in Business Law သင်တန်း ပထမဆုံးအကြိမ် ဖွင့်လှစ်မည်

ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေပညာဒီပလိုမာ Diploma in Business Law (DBL) အမှတ်စဉ် (၁) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖ...

ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေပညာဒီပလိုမာ Diploma in Business Law (DBL) အမှတ်စဉ် (၁) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို မည်သည့်ဘာသာရပ်ဖြင့်မဆို ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ပြီး သင်တန်းကာလမှာ ၉ လကြာမြင့်မည်ဖြစ်ကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအတွင်း သင်ကြားပို့ချသွားမည်ဖြစ်သည်။ ဝါသနာပါသူများအနေဖြင့် ဇန်နဝါရီလ ၆ ရက်မှ ၉ ရက်အတွင်း ထားဝယ်တက္ကသိုလ်၌ လျှောက်လွှာတင်သွင်းနိုင်ပြီး ဝင်ခွင့်ရရှိသူစာရင်းကို ဇန်နဝါရီလ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

37