တရုတ်နိုင်ငံသည် လျှပ်စစ်ကွန်ရက် ချို့ယွင်းမှုများကို ၁၀၀ မီလီစက္ကန့် (တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံ) အတွင်း သီးခြားခွဲထုတ်၍ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်သည့် စမတ်လျှပ်စစ်ကွန်ရက်နည်းပညာကို ဆယ်စုနှစ်တစ်ခုကြာ သုတေသနပြုပြီးနောက် အောင်မြင်စွာ တီထွင်လိုက်ကြောင်း သိရသည်။ တရုတ်လျှပ်စစ်စွမ်းအားသုတေသနဌာနနှင့် တက္ကသိုလ်ပေါင်းစုံမှ ပညာရှင်များ ပူးပေါင်းဖော်ထုတ်ခဲ့သည့် ဤနည်းပညာသည် ယခင်က နာရီပေါင်းများစွာ ကြာမြင့်ခဲ့သော ပြုပြင်ချိန်ကို အံ့အားသင့်ဖွယ် လျှော့ချပေးနိုင်ပြီး လက်ရှိတွင် စွမ်းအင်၊ သံမဏိနှင့် ရထားပို့ဆောင်ရေးကဏ္ဍများ၌ အသုံးပြုနေပြီ ဖြစ်သကဲ့သို့ နိုင်ငံပေါင်း ၁၂ နိုင်ငံသို့လည်း ဖြန့်ချိပေးထားပြီးဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အများဆုံး လျှပ်စစ်သုံးစွဲသည့်နိုင်ငံ ဖြစ်လာမည့် တရုတ်နိုင်ငံအတွက် ဤနည်းပညာသည် လေနှင့် နေရောင်ခြည်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကိုပါ တည်ငြိမ်စွာ ထိန်းညှိပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
လျှပ်စစ်မီးပြတ်တောက်မှုကို တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံအတွင်း ပြုပြင်နိုင်သည့် စမတ်ကွန်ရက်နည်းပညာ တရုတ်တီထွင်
Jan 10 • 1:55 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


