ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှုနှုန်း မြှင့်တင်ရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်းဆီထွက်သီးနှံ ၇၆,၉၂၃ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးသည် ဘားအံမြို့နယ်ရှိ စိုက်ခင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများအနေဖြင့် တစ်ဧက ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိစေရေးနှင့် လိုအပ်သော သွင်းအားစုများ စနစ်တကျ ထည့်သွင်းရန် လမ်းညွှန်မှာကြားခဲ့သည်။ ပြည်နယ်အတွင်း ယခင်နှစ်က ဆီဖူလုံမှု ၈၄.၄၅ ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် ယခုနှစ်တွင် ဆောင်းမြေပဲ ၃၁,၆၀၇ ဧက၊ ဆောင်းနှမ်း ၄၁,၇၅၀ ဧကနှင့် နေကြာ ၃,၅၆၆ ဧကတို့ကို တိုးချဲ့စိုက်ပျိုးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဧကပေါင်း ၇၅,၀၆၁ ဧက စိုက်ပျိုးပြီးစီးနေပြီ ဖြစ်သောကြောင့် လျာထားချက် ပြည့်မီရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။
ကရင်ပြည်နယ်တွင် စားသုံးဆီဖူလုံစေရန် ဆောင်းဆီထွက်သီးနှံ ဧက ၇၆,၀၀၀ ကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်
Jan 10 • 1:54 AM
မြန်မာ
ကရင်
မျှဝေမည်
| 24 | 0 | 0 | 0 |


