ရန်ကုန်အခြေစိုက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် ယခုတစ်ပတ် (ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက်အထိ) အတွက် တစ်ပိသာလျှင် ကျပ် ၆,၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်လိုက်ရာ ပြီးခဲ့သည့်အပတ်က သတ်မှတ်ဈေး ကျပ် ၆,၀၆၀ ထက် ကျပ် ၄၀ ခန့် အနည်းငယ် မြင့်တက်လာခြင်းဖြစ်သည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အဆိုပါ ရည်ညွှန်းဈေးနှုန်းများကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ပေးနေပြီး ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း သို့မဟုတ် ဈေးကစားရန် သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု သတိပေး ထုတ်ပြန်ထားပါသည်။
| 36 | 0 | 0 | 0 |


