back

ကမ္ဘောဒီးယား-ထိုင်း ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အမေရိကန်က ဒေါ်လာ ၄၅ သန်း ထောက်ပံ့မည်

Jan 10 • 1:50 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယား-ထိုင်း ငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အမေရိကန်က ဒေါ်လာ ၄၅ သန်း ထောက်ပံ့မည်

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား ကွာလာလမ်ပူ ငြိမ်းချမ်းရေးသဘောတူညီချက်များ အောင်မြင်စေရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေ...

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား ကွာလာလမ်ပူ ငြိမ်းချမ်းရေးသဘောတူညီချက်များ အောင်မြင်စေရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၄၅ သန်း ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း အရှေ့အာရှဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael DeSombre က ယနေ့ သောကြာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေထဲမှ ဒေါ်လာ ၁၅ သန်းကို နယ်စပ်ဒေသပြန်လည်ထူထောင်ရေးနှင့် စစ်ရှောင်များကူညီရန်၊ ဒေါ်လာ ၁၀ သန်းကို မိုင်းရှင်းလင်းရေးလုပ်ငန်းများအတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်ရှိသည့် ဒေါ်လာ ၂၀ သန်းကိုမူ အမေရိကန်နိုင်ငံသားများကိုပါ ပစ်မှတ်ထားနေသည့် အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ တိုက်ဖျက်ရေးစီမံချက်များတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

10