back

စားအုန်းဆီကို သတ်မှတ်ဈေးထက် မြှင့်တင်ရောင်းချသူများနှင့် ခွဲတမ်းအပြည့်မရောင်းသူများကို စစ်ဆေးအရေးယူမည်

Jan 10 • 1:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

စားအုန်းဆီကို သတ်မှတ်ဈေးထက် မြှင့်တင်ရောင်းချသူများနှင့် ခွဲတမ်းအပြည့်မရောင်းသူများကို စစ်ဆေးအရေးယူမည်

အချို့သော မြို့နယ်များတွင် စားအုန်းဆီကို အစိုးရသတ်မှတ်ထားသည့် ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချနေခြင်းနှင့် ခွဲတမ်းရရှိသော်လည်း ပြည်သူထံသို့ အပြည့်အဝ ပြန်လည်ရော...

အချို့သော မြို့နယ်များတွင် စားအုန်းဆီကို အစိုးရသတ်မှတ်ထားသည့် ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချနေခြင်းနှင့် ခွဲတမ်းရရှိသော်လည်း ပြည်သူထံသို့ အပြည့်အဝ ပြန်လည်ရောင်းချပေးခြင်း မရှိမှုများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောကြားလိုက်သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ကာလအတွင်း ပြည်ပ CIF ဈေးနှုန်းကျဆင်းမှုကြောင့် စားအုန်းဆီတစ်ပိသာလျှင် ၅၆၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့သော်လည်း မသမာသောနည်းလမ်းဖြင့် ဈေးကစားမှုများကို ထိန်းချုပ်ရန် တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခွဲဝေထားသည့် ဆီပမာဏများကို ဒေသခံများထံ သတ်မှတ်ဈေး၊ အခြင်အတွယ် မှန်ကန်စွာဖြင့် ရောက်ရှိစေရန် ဆီကုန်သည်အသင်းနှင့် ကုမ္ပဏီများကို ညှိနှိုင်းကြပ်မတ်လျက်ရှိကြောင်း သိရှိရပါသည်

news-view-count-icon

29