back

ဆိုစီဒက်ရဲ့နိုင်ဂျီးရီးယားတိုက်စစ်မှူး ဆာဒစ်ကို ဗလန်စီယာအသင်းမှခေါ်ယူ

Jan 10 • 1:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆိုစီဒက်ရဲ့နိုင်ဂျီးရီးယားတိုက်စစ်မှူး ဆာဒစ်ကို ဗလန်စီယာအသင်းမှခေါ်ယူ

ဗလန်စီယာအသင်းဟာ လာလီဂါပြိုင်ဘက် ဆိုစီဒက်အသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အူမာ ဆာဒစ်ကို ယူရို ၄ ဒသမ ၅ သန်းနဲ့ ခေါ်ယူလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အသက် ၂၈ ...

ဗလန်စီယာအသင်းဟာ လာလီဂါပြိုင်ဘက် ဆိုစီဒက်အသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အူမာ ဆာဒစ်ကို ယူရို ၄ ဒသမ ၅ သန်းနဲ့ ခေါ်ယူလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဆာဒစ်ကို ၂၀၂၈ ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်ကိုလည်း ချုပ်ဆိုလိုက်တယ်လို့ ဗလန်စီယာအသင်း ကြေညာချက်မှာ ရေးထား ပါတယ်။အီတလီကလပ်အသင်းတွေဖြစ်တဲ့ ရိုးမား၊ ဘိုလော့နာနဲ့ တိုရီနိုအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဆာဒစ်ဟာ ၂၀၂၅ ဇန်နဝါရီတုန်းက ဆိုစီဒက်အသင်းဆီကနေ ဗလန်စီယာအသင်းဆီကို ရာသီဝက်အငှားနဲ့ လာရောက်ကစားခဲ့ဖူး သူဖြစ်ပြီး ဗလန်စီယာအသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲကစားပြီး ၆ ဂိုးသွင်းယူပေးထားခဲ့ဖူးပါတယ်။ ရာသီအကုန် မှာ ဆိုစီဒက်အသင်းဆီကို ပြန်ရောက်သွားခဲ့တဲ့ ဆာဒစ်ဟာ ပုံမှန်ပွဲကစားခွင့်ရဖို့ ရုန်းကန်နေခဲ့ရသလို အခုရာသီ ပြိုင်ပွဲစုံ ၇ ပွဲသာ ကစားပေးခွင့်ရခဲ့တာဖြစ်ပါတယ်။ အခုအပြောင်းအရွှေ့မှာ ဗလန်စီယာအသင်း ဆီကို အပြီးသတ်ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အသင်းကို ရလဒ်ကောင်းတွေရအောင် ကူညီပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဆာဒစ်က ပြောထားပါ တယ်။ ဒါ့အပြင် ဆာဒစ်ဟာ ဇန်နဝါရီလအတွင်း ဗလန်စီယာအသင်း ခေါ်ယူမှုတွေထဲမှာ စတုတ္ထမြောက် ဈေးအကြီးဆုံး ခေါ်ယူမှုလည်းဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း ဗလန်စီယာအသင်းရဲ့ ဈေးအကြီးဆုံးခေါ်ယူမှုကတော့ ၂၀၁၅ ခုနှစ်က အန်ဇိုပီရက်ဇ်ကို ယူရို ၂၅ သန်းနဲ့ခေါ်ယူမှုဖြစ်ပါတယ်။

news-view-count-icon

42