ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က ထွက်ရှိခဲ့သော ထိုင်းထီဖွင့်ပွဲတွင် ပထမဆုများ အသီးသီးကံထူးခဲ့ကြရာ စုစုပေါင်း ဆုကြေးငွေ ဘတ် ၂၄ သန်း (မြန်မာကျပ်ငွေ သိန်းပေါင်းသောင်းချီ) ရရှိခဲ့ကြောင်း MHAC အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ကံထူးရှင်များမှာ တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ချွန်ပူရီခရိုင်တွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦး (ဘတ် ၆ သန်း)၊ ပဲခူးတိုင်းမှ စမွတ်စခွန်ခရိုင်တွင် အလုပ်လုပ်ကိုင်နေသည့် ဇနီးမောင်နှံနှစ်ဦး (ဘတ် ၆ သန်း) နှင့် ပဲခူးတိုင်းမှ မိသားစုတစ်စုက ပထမဆု နှစ်စောင်တွဲ (ဘတ် ၁၂ သန်း) တို့ ဖြစ်ကြပြီး ၎င်းတို့အတွက် ဆုငွေများကို ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် MHAC အဖွဲ့က နေ့ချင်းပြီး ကူညီထုတ်ပေးခဲ့သည်။ ယခင် AAC အမည်ဖြင့် စတင်ခဲ့သည့် အဆိုပါအဖွဲ့သည် ယနေ့အထိ မြန်မာလုပ်သား ထီကံထူးရှင် စုစုပေါင်း ၆၂ ဦးကို ဆုငွေများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန် အခမဲ့ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။


