back

ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးဇော်လင်းထွန်း အသင်းမှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်

Jan 10 • 1:45 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးဇော်လင်းထွန်း အသင်းမှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်

ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြချုပ်ဖြစ်သူ ဦးဇော်လင်းထွန်းသည် ၎င်း၏ကိုယ်ပိုင်သဘောဆန္ဒအရ တာဝန်မှနုတ်ထွက်ရန် တင်ပြခဲ့ပြီးနောက် အသင်းနှင့်နှစ်ဦးသဘောတူ စာချုပ်ဖျက်သိ...

ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြချုပ်ဖြစ်သူ ဦးဇော်လင်းထွန်းသည် ၎င်း၏ကိုယ်ပိုင်သဘောဆန္ဒအရ တာဝန်မှနုတ်ထွက်ရန် တင်ပြခဲ့ပြီးနောက် အသင်းနှင့်နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဦးဇော်လင်းထွန်း၏ တင်ပြချက်ကို ရန်ကုန်ယူနိုက်တက်အသင်းက လက်ခံခဲ့ပြီး အသင်းနှင့်အတူရှိစဉ်ကာလအတွင်း ကြိုးပမ်းအားထုတ်မှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်းနှင့် ၎င်း၏ရှေ့ဆက်မည့် နည်းပြဘဝခရီးလမ်းတွင် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း တရားဝင်လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ယခု ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်ရာသီအတွင်း နည်းပြချုပ်အသစ် ပြန်လည်ခန့်အပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ ဦးဇော်လင်းထွန်း၏ နုတ်ထွက်မှုမှာ အသင်းပရိသတ်များအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

48