စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်အစောပိုင်း ၀၀:၁၈ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများ၊ အလုံမီးသတ်စခန်းနှင့် အရန်မီးသတ်တပ်ဖွဲ့များမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၄) စီးအပြင် အရန်မီးသတ်ယာဉ်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အားအပြည့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၀၀:၅၅ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ အလုံရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဉ် ၇ စီးနှင့် တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရ
Jan 10 • 1:43 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


