back

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်ရှိ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

Jan 10 • 1:40 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်ရှိ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်...

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် ချောက်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၄) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အရေးပေါ်ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုရှိ၊ မရှိနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အသေးစိတ်ကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိပြီး မီးသတ်တပ်ဖွဲ့၏ အချိန်မီငြှိမ်းသတ်နိုင်မှုကြောင့် အနီးနားရှိ နေအိမ်များသို့ မီးကူးစက်ပျံ့နှံ့မှုမရှိဘဲ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

46