back

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၁၀ဝ အဖြစ်သတ်မှတ်

Jan 09 • 3:33 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၁၀ဝ အဖြစ်သတ်မှတ်

အခုတပတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၁၀ဝ အဖြစ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖ...

အခုတပတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၁၀ဝ အဖြစ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကသတ်မှတ်ထုတ်ပြန်ပါတယ်။ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံ တွေ က ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှု တွေ အရ ဇန်နဝါရီ ၉ ရက် ကနေ ၁၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီက သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။အခုလို ထုတ်ပြန်ကြေညာထားတဲ့ ဈေးနှုန်းထက် ဈေးနှုန်း မြှင့်တင် ရောင်းချခြင်း၊ ဈေးကစားဖို့ရည်ရွယ်ချက် နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့ လုပ်ဆောင်မှု တွေ ပြုလုပ်တယ်ဆိုရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။





news-view-count-icon

53