ရှမ်းပြည်နယ် တောင်ပိုင်း နဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်ရှိ သီပေါမြို့နယ်၊ နမ့်လန်မှာ ပြီးခဲ့တဲ့ နှစ်ရက်ခန့် ကတည်းက ကားတချို့ ပိတ်မိ ကြန့်ကြာနေပြီး တရုတ်ကုန်တေွလည်း ဖမ်းဆီးမှု ရှိနေကြောင်း ကုန်သည် ယာဉ်မောင်းတွေဆီက သိရပါတယ်။ နမ့်လန်မှာ အတက်ပိုင်း ကားမဟုတ်တဲ့ အဆင်းကား ကုန်တွေချပြီး ကားအလွတ်ပဲ ပြန်ရွေးသွားတာတွေ တွေ့ရသလို့ ကုန်စုံကားတွေက သိန်း ၁၀၀ နဲ့ ပြန်ရွေးရတယ်လို့ ကြားရကာ ကွင်းလမ်းထိ ဝင်ဆွဲနေတယ်လို့လည်း ကြားတယ်လို့ သူက ပြောပါတယ်။ အတက်ကားတွေဖြစ်တဲ့ ကျောက်မီးသွေး ခါလီကားတွေလည်း ပေးမဖြတ်ပဲ ပိတ်ထားတာ နှစ်ညအိပ် သုံးရက်လောက်ရှိပြီဖြစ်တာကြောင့် ကားတွေ တန်းစီ ပိတ်မိနေတယ်လို့ သူက ပြောပါတယ်။



