အပတ်စဉ် တစ်ပတ်လျှင် တစ်ကြိမ်သာထွက်ခွာပေးနေသော ရန်ကုန်-ပုဂံရထား အမှတ် ၆၁ အဆန်၊ ၆၂ အစုန် ရထားမှာ ယနေ့(ဇန်နဝါရီ ၀၉ ရက်)တွင် ထွက်ခွာမည့်ခရီးစဉ်ကိုဖျက်သိမ်း၍ လက်မှတ်ခငွေများကိုပြန်အမ်းနေကြောင်း ကိုယ်တိုင်ကြုံသည့်ခရီးသည်များထံမှ သိရသည်။အဆိုပါရထားသည် ပြီးခဲ့သော ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းက ပျဉ်းမနားဘက်လမ်းကြောင်းမှ လမ်းကြောင်းပြောင်းလဲပြေးဆွဲနေခြင်းဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ သောကြာနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် အမှတ် ၆၁ အဆန်အဖြစ်ထွက်ခွာကာ ပုဂံဘူတာမှ အင်္ဂါနေ့ ည ၆ နာရီတွင် ရန်ကုန်ဘူတာကြီးသို့ ပြန်လည်ထွက်ခွာပေးနေခြင်းလည်း ဖြစ်သည်။ထိုခရီးစဉ်တွင် ရထားသည်ကားထက် အချိန်ကြာမြင့်မှုရှိသော်လည်း သက်တောင့်သက်သာစီးနင်းနိုင်ခြင်းကြောင့် ပုဂံဘုရားဖူးသွားသူများကြားတွင် ရေပန်းစားလာလျက်ရှိသည်။ လက်ရှိတွင် ရထားလက်မှတ်ခများအဖြစ် အိပ်စင် ၃၄၀၀၀ ကျပ်၊ အထက်တန်း ၂၆၀၀၀ ကျပ်၊ ရိုးရိုးတန်း ၁၆၀၀၀ ကျပ် ကျသင့်ကြောင်း သိရသည်။



