ယမန်နေ့ညကလှုပ်ခတ်ခဲ့သည့် အင်အား ၄ ဒသမ ၅ အဆင့်ရှိငလျင်ကြောင့် မန္တလေးမြို့ရှိငလျင်ဒဏ်သင့် အဆောက်အဦအချို့တွင် အက်ကွဲကြောင်းအသစ်များဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။မန္တလေးငလျင်ကြီးလှုပ်ခတ်စဉ်က ငလျင်ဒဏ်ခံခဲ့ရသည့်အဆောက်အဦများအနက် လူနေထိုင်ခွင့်မပြုသေးသော အဆောက်အဦအချို့တွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများကဆိုသည်။လူမှုရေးအသင်းအချို့ လှည့်လည်ကြည့်ရှုစစ်ဆေးမှုအရ ယနေ့မွန်းလွဲပိုင်းအထိ အဆောက်အဦ(၇)လုံးထက် မနည်းတွင် အက်ကွဲကြောင်းအသစ်များတွေ့ရှိထားကြောင်း၊ အက်ကွဲကြောင်းအသစ်ဖြစ်ပေါ်ခဲ့သည့် အဆောက်အဦအနီးဝန်းကျင်သို့ သွားလာနေထိုင်ခြင်းမပြုရန် သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။



