back

ရွှေညောင်တာယောရေချောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်ပစ်မှုကြောင့် ပတ်ဝန်းကျင်ထိခိုက်လာ

Jan 09 • 1:31 PM

breaking-news

မြန်မာ

ရှမ်း

cover

ရွှေညောင်တာယောရေချောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်ပစ်မှုကြောင့် ပတ်ဝန်းကျင်ထိခိုက်လာ

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ ၊ တာယောချောင်း တံတားအောက်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု ပိုများလာ နေကြောင်း သိရသည်။ တာယောချောင်းသည်...

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ ၊ တာယောချောင်း တံတားအောက်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု ပိုများလာ နေကြောင်း သိရသည်။ တာယောချောင်းသည် အင်းလေးကန် စီးဝင်သော ချောင်း တစ်ချောင်း ဖြစ်ပြီး ချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းသည် အင်းလေးကန်ကိုလည်း ညစ်ညမ်း စေကြောင်း ဒေသခံ များက ဆိုသည်။ထို့ပြင် စည်းကမ်းမဲ့ အမှိုက်ပစ်မှုများကို ကြီးကြပ်ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း ဒေသခံ များက ထောက်ပြကြသည်။

ရွှေညောင်တွင် အဓိက လမ်းဘေးချောင်းများ ဆယ်ယူနိုင်ခြင်း အားနည်းသဖြင့် မိုးရာသီ ရောက်လျှင် ရေကြီး နစ်မြုပ်မှု ဖြစ်ပွားလေ့ရှိပြီး ချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်မှသာလျှင် ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု လျော့နည်းစေမည် ဖြစ်ကြောင်း သိရသည်။အင်းလေးကန်တွင်နှုန်းမြေများ ပြည့်လာသဖြင့် ရွှေညောင်တွင်လည်း ရေကြီး ရေလျှံမှုများ ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း ၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း နှင့် သစ်ပင် သစ်တောများကို ထိန်းသိမ်းကြရန် လိုအပ်မည် ဖြစ်ကြောင်း ဒေသခံများက ဝေဖန် ထောက်ပြကြသည်။



news-view-count-icon

34