back

နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်စေမည့် ဆောင်ရွက်ချက်များ ငွေစက္ကူများပေါ်တွင် မပြုလုပ်ရန် ဗဟိုဘဏ် အသိပေး

Jan 09 • 1:32 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်စေမည့် ဆောင်ရွက်ချက်များ ငွေစက္ကူများပေါ်တွင် မပြုလုပ်ရန် ဗဟိုဘဏ် အသိပေး

နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာထိခိုက်စေမယ့် ဆောင်ရွက်ချက်တွေကို ငွေစက္ကူတွေပေါ်မှာ မပြုလုပ်မိစေဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ပြည...

နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာထိခိုက်စေမယ့် ဆောင်ရွက်ချက်တွေကို ငွေစက္ကူတွေပေါ်မှာ မပြုလုပ်မိစေဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ပြည်သူတွေအနေနဲ့ နိုင်ငံတစ်ဝန်းလုံးမှာ ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကို ဟောင်းနွမ်းပျက်စီးအောင် ကိုင်တွယ်အသုံးပြုမှုကို ရှောင်ရှားပြီး စနစ်တကျကိုင်တွယ်သုံးစွဲဖို့နဲ့ ရေရှည်အသုံးပြုနိုင်ရေးအတွက် ရိုသေစွာ ကိုင်တွယ်အသုံးပြုကြဖို့လည်း ပြောထားပါတယ်။ဒါ့အပြင် ဥပဒေနှင့်အညီ ထုတ်ဝေထားတဲ့ ငွေစက္ကူတွေကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ် အခြားတစ်နည်းနည်းနဲ့ ပုံသဏ္ဌာန်ပျက်ယွင်းအောင် ပြုလုပ်ခြင်းတွေကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၃ အရ ငွေဒဏ်ဖြစ်စေ၊ (၂)နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမယ်လို့လည်း သိထားရပါတယ်။


news-view-count-icon

61