back

လမ်းကျဉ်းခြင်းကြောင့် တောင်ကြီးမြို့ရှောင်လမ်း ပေါ် တပတ်အတွင်း ယာဥ်တိမ်းမှောက်မှု ၅ ကြိမ်ဖြစ်ပွား

Jan 09 • 1:28 PM

breaking-news

မြန်မာ

ရှမ်း

cover

လမ်းကျဉ်းခြင်းကြောင့် တောင်ကြီးမြို့ရှောင်လမ်း ပေါ် တပတ်အတွင်း ယာဥ်တိမ်းမှောက်မှု ၅ ကြိမ်ဖြစ်ပွား

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှောင်လမ်းကို အဆင်းလမ်း တစ်ခုသာ အသုံးပြုနေကြပြီး ၊ အတက်လမ်းကို တောင်ကြီး မြို့ အတက်လမ်းအတိုင်း အချိန်ပိုင်း နှင့် လွှတ်ပေ...

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှောင်လမ်းကို အဆင်းလမ်း တစ်ခုသာ အသုံးပြုနေကြပြီး ၊ အတက်လမ်းကို တောင်ကြီး မြို့ အတက်လမ်းအတိုင်း အချိန်ပိုင်း နှင့် လွှတ်ပေးနေကြောင်း သိရသည်။ တောင်ကြီးမြို့ရှောင် အဆင်းလမ်းတွင် ကားကြီးများ တန်းစီ ဆင်းလာကြလေ့ ရှိပြီး၊ မွေးမြူဇုန် မှ မြို့ရှောင်လမ်းအတိုင်း ရွှေညောင် မြို့ကို ဖြတ်သန်း မောင်းနှင် ကြရခြင်း ဖြစ်သည်။ ထို တောင်ကြီးမြို့ရှောင်လမ်းသည် လမ်းကြမ်းခြင်း ၊ လမ်းဆိုးကာ ကားမှောက်တတ်ခြင်းကြောင့် မရဏ သေမင်းတမန်လမ်း ဟုပင် ကားဆရာများ တင်စား ခေါ်ဝေါ်နေကြရသည်အထိ ဖြစ်လာသည်။လမ်းများ မတ်စောက်ခြင်း၊ အရည်အသွေး မမှီသောလမ်းနှင့် လမ်းပုံစံမကျခြင်းတို့ကြောင့် ကုန်တင်ယာဉ်ကြီးများ မကြာခဏ တိမ်းမှောက်တတ်သဖြင့် ဂရုစိုက်မောင်းနှင် ကြပါရန် အချင်းချင်း သတိပေး ထားကြသည်။


news-view-count-icon

37