ကချင်ပြည်နယ် မိုင်ဂျာယန်မြို့ကနေ ဒွမ်ဘုန်တံတားအထိ ကွန်ကရစ်လမ်းခင်းနေတာကြောင့် အဲ့ဒီလမ်းပိုင်းကို ဇန်နဝါရီ ၆ ရက်ကစပြီး အချိန်အကန့်အသတ်နဲ့သာ သွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။ဒွမ်ဘုန်တံတားဟာ မိုင်ဂျာယန်နဲ့ လိုင်ဇာမြို့ လမ်းပိုင်းက တံတားဖြစ်ပြီး ခရီးသည်တင်ယာဥ်တွေကို မနက်ပိုင်း ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲ နဲ့ ညနေပိုင်း ၄ နာရီခွဲကနေ ၆ နာရီခွဲအတွင်းသာ သွားလာဖို့ အချိန်ဇယားသတ်မှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ၁၀ ဘီးနဲ့ ၁၂ ဘီး ကုန်တင်ကားတွေဟာ သွားလာဖြတ်သန်းခွင့် မပြုဘူးလို့လည်း ပါရှိပါတယ်။မြေရှားလုပ်ကွက်က မြေဩဇာတင်တဲ့ ၄ ဘီးနဲ့ ၆ ဘီးကားတွေဟာ ည ၇ နာရီကနေ ၁၁ နာရီအထိသွားခွင့်ရှိပြီး ပြန်ထွက်လာမယ့်ကားတွေဟာ မနက်ပိုင်း ၁ နာရီကနေ ၅ နာရီအတွင်းသာ သွားလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ မိုင်ဂျာယန် - လိုင်ဇာ လမ်းပိုင်း အသုံးပြုသူတွေ သတိပြုဖို့က လမ်းပြင်ဆင်နေမှုကြောင့် အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုထားပြီး မိုင်ဂျာယန်မြို့မှ ဒွမ်ဘုန်တံတားအထိ လမ်းပိုင်းကို ကွန်ကရစ်လမ်းခင်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် ဇန်နဝါရီ ၆ ရက်မှစတင်ကာ ယာဉ်သွားလာမှု အချိန်ဇယားကို အခုလို ပြောင်းလဲသတ်မှတ်ထားပါတယ်။ခရီးသည်တင်ယာဉ်ငယ်တွေအတွက် သွားလာခွင့်ပြုချိန်က မနက်ပိုင်း ၁၀ နာရီ၃၀ မိနစ်မှ ၁၁ နာရီ ၃၀ မိနစ်အထိ ၊ ညနေပိုင်း ၄ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၃၀ မိနစ်အထိ ၊ မြေဩဇာတင် ၄ ဘီး နဲ့ ၆ ဘီး ကားတွေအတွက် အသွား ည ၇ နာရီမှ ၁၁ နာရီအတွင်း ၊ အပြန် မနက် ၁ နာရီ မှ ၅ နာရီအတွင်းဖြစ်ပြီး ကန့်သတ်ချက်က ၁၀ ဘီး နဲ့ ၁၂ ဘီး ကုန်တင်ကားကြီးတွေကို လုံးဝဖြတ်သန်းခွင့်မပြုဘဲ ဒီလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေကြောင့် ပျက်စီးခဲ့ရတာဖြစ်လို့ အခုလို ပြန်လည်ပြုပြင်နေတာဖြစ်ပါတယ်။



