မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) အတွက် မဲရုံများတွင် ကြိုတင်ပြင်ဆင်မှုများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြသည်။ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအနီးဝန်းကျင်တွင် နေပူဒဏ်ခံနိုင်ရန် အမိုးအကာများ ပြင်ဆင်ခြင်း၊ နားနေရန် ထိုင်ခုံများ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ထားရှိသည်။ ထို့ပြင် မဲလာပေးသူများအတွက် သောက်သုံးရေ၊ အချိုရည်နှင့် မုန့်များကိုပါ စေတနာ့ဝန်ထမ်းများက စီစဉ်ပေးထားကာ လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ ရွေးကောက်ပွဲအပိုင်း (၂) အတွက် မဲရုံပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ
Jan 09 • 6:37 AM
မြန်မာ
မကွေး
မျှဝေမည်
| 36 | 0 | 0 | 0 |


