back

PSG နည်းပြ အန်နရီကေး ပြင်သစ်စူပါဖလားကို အနိုင်ယူပြီး နည်းပြဘဝ (၁၀) ခုမြောက် ဆုဖလားမှတ်တမ်းတင်

Jan 09 • 6:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

PSG နည်းပြ အန်နရီကေး ပြင်သစ်စူပါဖလားကို အနိုင်ယူပြီး နည်းပြဘဝ (၁၀) ခုမြောက် ဆုဖလားမှတ်တမ်းတင်

PSG အသင်း၏ နည်းပြ အန်နရီကေးသည် မနေ့ညက ကူဝိတ်နိုင်ငံတွင် ကျင်းပသည့် ပြင်သစ်စူပါဖလား (Trophée des Champions) ဗိုလ်လုပွဲ၌ မာဆေးလ်အသင်းကို အနိုင်ယူကာ PSG နည်းပြဘဝတွ...

PSG အသင်း၏ နည်းပြ အန်နရီကေးသည် မနေ့ညက ကူဝိတ်နိုင်ငံတွင် ကျင်းပသည့် ပြင်သစ်စူပါဖလား (Trophée des Champions) ဗိုလ်လုပွဲ၌ မာဆေးလ်အသင်းကို အနိုင်ယူကာ PSG နည်းပြဘဝတွင် (၁၀) ခုမြောက် ဆုဖလားကို ဆွတ်ခူးရရှိသွားခဲ့သည်။ အဆိုပါပွဲစဉ်တွင် PSG နှင့် မာဆေးလ်တို့သည် ပုံမှန်ပွဲကစားချိန်အတွင်း (၂-၂) ဂိုးဖြင့် သရေကျခဲ့သဖြင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာတွင် PSG က (၄-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခုအောင်မြင်မှုကြောင့် အန်နရီကေးသည် PSG နှင့်အတူ ပြင်သစ်စူပါဖလား (၃) ကြိမ်၊ လီဂူးချန်ပီယံ (၂) ကြိမ်၊ ပြင်သစ်ဖလား (၂) ကြိမ် အပါအဝင် ချန်ပီယံလိဂ်နှင့် ဥရောပစူပါဖလားတို့ကိုပါ ရယူထားနိုင်ခဲ့ပြီးဖြစ်သည်။ PSG အသင်းသည် ပြင်သစ်စူပါဖလားပြိုင်ပွဲတွင် (၁၄) ကြိမ်မြောက် ချန်ပီယံဖြစ်လာကာ အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နေပြီး နောက်ဆုံး (၄) နှစ်ဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

30