back

ကျိုက်ထီးရိုးစေတီသို့ ဖူးမြှော်သူများ အဆင်ပြေစေရန် တောင်တက်ကားများ ပြေးဆွဲချိန် တိုးမြှင့်ပေးနိုင်ရန် စီစဉ်နေ

Jan 09 • 6:36 AM

breaking-news

မြန်မာ

မွန်

cover

ကျိုက်ထီးရိုးစေတီသို့ ဖူးမြှော်သူများ အဆင်ပြေစေရန် တောင်တက်ကားများ ပြေးဆွဲချိန် တိုးမြှင့်ပေးနိုင်ရန် စီစဉ်နေ

မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးခရီးသည်များ အဆင်ပြေစေရန်အတွက် တောင်တက်ကားပြေးဆွဲချိန်ကို လက်ရှိသတ်မှတ်ချိန်ထက် ပိ...

မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးခရီးသည်များ အဆင်ပြေစေရန်အတွက် တောင်တက်ကားပြေးဆွဲချိန်ကို လက်ရှိသတ်မှတ်ချိန်ထက် ပိုမိုတိုးမြှင့်ပေးရန် ဂေါပကအဖွဲ့က စီစဉ်လျက်ရှိသည်။ လက်ရှိတွင် တောင်တက်ကား (၁၅၂) စီးဖြင့် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ဘုရားဖူးလာရောက်သူဦးရေအပေါ် မူတည်၍ အချိန်တိုးမြှင့်ပေးသွားမည်ဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း၌ပင် ပြည်တွင်းပြည်ပခရီးသွား (၆၉,၀၀၀) ကျော် လာရောက်ခဲ့သဖြင့် ရင်ပြင်တော်နှင့် ပတ်ဝန်းကျင်ရှိ အထင်ကရနေရာများတွင် ဘုရားဖူးများဖြင့် အထူးစည်ကားလျက်ရှိသည်။ ဘုရားဖူးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ ကျန်းမာရေးနှင့် အခမဲ့တည်းခိုနေထိုင်ရေးလုပ်ငန်းများကိုပါ စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

41