နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ရှိ Sali Nadi မြစ်ကမ်းအနီးတွင် ဟိန္ဒူအမျိုးသမီးများ၏ တစ်လကြာမြင့်မည့် 'Madhav Narayan' (မာဓပ် နာရာယန်) စုပေါင်းဝတ်ပြုဆုတောင်းပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က စတင်ကျင်းပခဲ့သည်။ အဆိုပါပွဲတော်တွင် အစာရှောင်သူများသည် တစ်နေ့လျှင် ညနေခင်းတစ်နပ်သာ စားသုံးခွင့်ရှိပြီး အသား၊ ငါး၊ ကြက်သွန်နှင့် ဆားတို့ကို လုံးဝရှောင်ကြဉ်ကာ သစ်သီးနှင့် နို့ထွက်ပစ္စည်းများကိုသာ ရိုးရှင်းစွာ စားသုံးကြရသည်။ ယင်းကာလအတွင်း နေ့စဉ်နံနက်စောစော မြစ်အတွင်း ကိုယ်လက်သန့်စင်ခြင်း၊ Swasthani နတ်ဘုရားမအား ရည်ညွှန်းသည့် ကျမ်းစာများကို ဖတ်ကြားပူဇော်ခြင်းတို့ကို တစ်လတိတိ ဆောင်ရွက်ကြရသည်။ အပျိုစင်အမျိုးသမီးများက ခင်ပွန်းကောင်းရရှိရန်နှင့် အိမ်ထောင်သည်အမျိုးသမီးများက မိသားစုစီးပွားလာဘ်လာဘ တိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အစာရှောင်ဆုတောင်းကြခြင်းဖြစ်ကာ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းသူများဖြင့်လည်း ဘုရားကျောင်းများတွင် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
Jan 09 • 6:17 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 59 | 0 | 0 | 0 |


