back

ပြည်ရေနံမြေမှ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့သို့ ပိုက်လိုင်းဖြင့် စတင်ပို့လွှတ်ဖြန့်ဖြူးပေးနေ

Jan 09 • 5:52 AM

breaking-news

မြန်မာ

ပဲခူး

cover

ပြည်ရေနံမြေမှ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့သို့ ပိုက်လိုင်းဖြင့် စတင်ပို့လွှတ်ဖြန့်ဖြူးပေးနေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ရေနံမြေရှိ တွင်းအမှတ် ၄၈ ၏ သဲကြောများကို ခေတ်မီနည်းပညာဖြင့် သုတေသနပြုဆန်းစစ်ခဲ့ရာမှ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို...

ပဲခူးတိုင်းဒေသကြီး၊ ပြည်ရေနံမြေရှိ တွင်းအမှတ် ၄၈ ၏ သဲကြောများကို ခေတ်မီနည်းပညာဖြင့် သုတေသနပြုဆန်းစစ်ခဲ့ရာမှ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ရန်ကုန်မြို့သို့ ပိုက်လိုင်းမှတစ်ဆင့် စတင်ပို့လွှတ်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ ၁၉၆၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ထုတ်လုပ်မှုရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့သည့် အဆိုပါသက်တမ်းရင့်ရေနံမြေကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် HNA Myanmar Oil & Gas Ltd. တို့ ပူးပေါင်း၍ ကုန်းတွင်းလုပ်ကွက် IOR-4 ဧရိယာ၌ ပြန်လည်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ရန်ကုန်ပို့ပိုက်လိုင်းအတွင်းသို့ ဓာတ်ငွေ့များ ဖြည့်သွင်းပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သဘာဝဓာတ်ငွေ့များ ဆက်လက်တိုးတက်ထွက်ရှိလာပါက ပြည်နှင့် ရွှေတောင်ဒေသရှိ စက်ရုံများသို့ပါ သီးသန့်ပို့လွှတ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး အလားတူပြည်အနည်ကျချိုင့်ဝှမ်းအတွင်းရှိ မြန်အောင်နှင့် ရွှေပြည်သာရေနံမြေများတွင်လည်း အထွက်တိုးရေးလုပ်ငန်းများကို ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

news-view-count-icon

36