သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်ခဲ့သော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်အား နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့ရှိ ဖောင်တော်ချက်မစေတီတော်မြတ်ကြီးတွင် ဌာပနာသွင်းလှူပူဇော်သည့် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်ကို အလှူဒါယိကာ ဦးအောင်ပြည့်စုံနှင့် အလှူဒါယိကာမ ဒေါ်အေးအေးနှင်း မိသားစုတို့က လှူဒါန်းပူဇော်ခြင်းဖြစ်ပြီး၊ ဌာပနာမသွင်းမီ လယ်ဝေးမြို့အတွင်း လှည့်လည်အပူဇော်ခံခဲ့ရာ နိုင်ငံကျော်အနုပညာရှင်များနှင့် ဒေသခံပြည်သူအများအပြား လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရှိရပါသည်။
သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်သည့် ဗုဒ္ဓမြတ်စွယ်တော်ကို လယ်ဝေးမြို့၊ ဖောင်တော်ချက်မစေတီတော်၌ ဌာပနာသွင်းပူဇော်
Jan 09 • 5:41 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 88 | 0 | 0 | 0 |


