အိန္ဒိယသံရုံးသည် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် “New Year Meet and Greet Reception” စီးပွားရေးဆိုင်ရာတွေ့ဆုံပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ India House ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားကို မြန်မာ့စျေးကွက်အတွင်း အိန္ဒိယနိုင်ငံထုတ် အဖျော်ယမကာများနှင့် စားသောက်ကုန်များကို ပိုမိုသိရှိလာစေရန်နှင့် စီးပွားရေးမြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ပွဲတွင် ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုများကို ပြသခဲ့ပြီး၊ ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုဗဟိုဌာနမှ ဘောလိဝုဒ်နှင့် မြန်မာသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနားသို့ UMFCCI ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းနှင့် ပြည်တွင်းအရက်ချက်လုပ်ငန်းရှင်များ၊ တင်သွင်းဖြန့်ဖြူးသူများအပါအဝင် ကိုယ်စားလှယ်ပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
အိန္ဒိယသံရုံးမှ နှစ်သစ်ကူးအထိမ်းအမှတ် စီးပွားရေးဆိုင်ရာတွေ့ဆုံပွဲကျင်းပကာ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန် ဆွေးနွေး
Jan 09 • 5:17 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 35 | 0 | 0 | 0 |


