back

၂၀၂၅ ခုနှစ်တွင် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုပေါင်း ၂၅၈,၀၀၀ ကို တရုတ်နိုင်ငံ ဖြေရှင်း

Jan 09 • 6:39 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

၂၀၂၅ ခုနှစ်တွင် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုပေါင်း ၂၅၈,၀၀၀ ကို တရုတ်နိုင်ငံ ဖြေရှင်း

၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတစ်ဝန်းရှိ ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုပေါင်း ၂၅၈,၀၀၀ ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး လိမ်လည်မှု...

၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတစ်ဝန်းရှိ ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုပေါင်း ၂၅၈,၀၀၀ ကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး လိမ်လည်မှုနှင့် ဆက်နွှယ်နေသည့် ငွေကြေးယွမ် ၂၁.၇ သန်းကျော်ကို အရေးပေါ်ပိတ်ပင်ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်အတွင်း ငွေလိမ်ဂိုဏ်းများကို ဦးဆောင်သူနှင့် အဓိကအဖွဲ့ဝင် ၅၄၂ ဦးကို ဖမ်းဆီးနိုင်ခဲ့သည့်အပြင် တရုတ်ရဲတပ်ဖွဲ့သည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ပူးပေါင်းကာ နိုင်ငံတကာဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ၊ မြဝတီမြို့မှ သံသယရှိသူ တရုတ်နိုင်ငံသား ၇,၆၀၀ ကျော်ကိုလည်း တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

12