ဖိလစ်ပိုင်နိုင်ငံ၏ သက်ဝင်လှုပ်ရှားမှုအပြင်းထန်ဆုံးဖြစ်သော မေယွန်မီးတောင်သည် ပေါက်ကွဲမှုအငယ်စားများ ဆက်တိုက်ဖြစ်ပွားနေပြီး ကျောက်ရည်ပူများနှင့် ကျောက်တုံးများ စီးထွက်လာခြင်းကြောင့် အန္တရာယ်အဆင့် (၅) အထိ မြှင့်တင်ကာ ဒေသခံ ၃,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ထုတ်ပြန်သည့်သတင်းများအရ အယ်လ်ဘေးပြည်နယ်ရှိ အဆိုပါမီးတောင်၏ တွင်းဝမှ ၃.၇ မိုင်ပတ်လည်အတွင်းရှိ ပြည်သူ ၂,၈၀၀ ကျော်ကို တာဝန်ရှိသူများက အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။ အမြင့် ၈,၀၀၇ ပေရှိသော မေယွန်မီးတောင်သည် ၁၆၁၁ ခုနှစ်မှစ၍ ပြင်းထန်သောပေါက်ကွဲမှုပေါင်း ၅၄ ကြိမ်အထိ ဖြစ်ပွားဖူးပြီး ယခုအခါ ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်မီးစက်ကွင်း (Pacific Ring of Fire) ပေါ်တွင် တည်ရှိနေသဖြင့် မီးတောင်ပေါက်ကွဲမှုနှင့် ငလျင်ဘေးအန္တရာယ်များကို ဆက်တိုက်ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ဖိလစ်ပိုင်ရှိ မေယွန်မီးတောင် ဆက်တိုက်လှုပ်ရှားမှုကြောင့် ဒေသခံ ၃,၀၀၀ ခန့်ကို အရေးပေါ်ရွှေ့ပြောင်းပေးထားရ
Jan 09 • 4:39 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 66 | 0 | 0 | 0 |


