back

တရုတ်မှာ ဂျပန်နိုင်ငံသား လာရောက်နေထိုင်မှု ၂၀၂၅ ခုနှစ်အတွင်း လျော့ကျလာ

Jan 09 • 4:41 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

တရုတ်မှာ ဂျပန်နိုင်ငံသား လာရောက်နေထိုင်မှု ၂၀၂၅ ခုနှစ်အတွင်း လျော့ကျလာ

တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ လာရောက်နေထိုင်သည့် ဂျပန်နိုင်ငံသားအရေအတွက် ...

တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၌ လာရောက်နေထိုင်သည့် ဂျပန်နိုင်ငံသားအရေအတွက် သိသိသာသာ လျော့နည်းလာကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံရောက် ဂျပန်ဦးရေမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်သိန်းအောက်သို့ ကျဆင်းခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ၉၂,၉၀၀ ခန့်သာ ကျန်ရှိတော့သဖြင့် ၄.၇ ရာခိုင်နှုန်း ထပ်မံလျော့ကျခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ရှန်ဟိုင်းနှင့် ပေကျင်းကဲ့သို့သော မြို့ကြီးများတွင် ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နေထိုင်သူဦးရေ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။ ယင်းသို့ လျော့ကျရခြင်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင် ဆိုးဝါးလာခြင်း၊ အလုပ်သမားခ မြင့်တက်လာခြင်းနှင့် ဆင်ကာကူကျွန်းစု အရေးအခင်းနောက်ပိုင်း ဖြစ်ပေါ်လာသည့် လုံခြုံရေးစိုးရိမ်မှုများကြောင့် ဂျပန်လုပ်ငန်းရှင်များက မိသားစုများကို ဂျပန်သို့ ပြန်လည်ပို့ဆောင်ထားခြင်းတို့ကြောင့်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။

news-view-count-icon

14