၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုနေ့နှင့် တပို့တွဲလပြည့်နေ့တို့ တိုက်ဆိုင်နေခြင်းကြောင့် စုစုပေါင်း ၆ ရက်ဆက်တိုက်အထိ ရုံးပိတ်ရက်ရှည် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလသည် ရက်ပေါင်း ၂၈ ရက်သာရှိသော်လည်း ပုံမှန်ရုံးပိတ်ရက်များနှင့် အစားထိုးပိတ်ရက်များအပါအဝင် စုစုပေါင်း ရုံးပိတ်ရက် ၁၂ ရက်အထိ ရှိနေပြီး ရုံးတက်ရက်မှာ ၁၆ ရက်သာ ရှိတော့မည်ဖြစ်သည်။ အထူးသဖြင့် ဖေဖော်ဝါရီ ၁၂ ရက် (ကြာသပတေးနေ့) ပြည်ထောင်စုနေ့မှ စတင်ကာ ၁၃ ရက် (အစားထိုးပိတ်ရက်)၊ ၁၄ ရက် (စနေ)၊ ၁၅ ရက် (တနင်္ဂနွေ)၊ ၁၆ ရက် (တပို့တွဲလပြည့်နေ့) နှင့် ၁၇ ရက် (အင်္ဂါနေ့ - အစားထိုးပိတ်ရက်) အထိ ၆ ရက်ဆက်တိုက် ပိတ်ရက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ယင်းကဲ့သို့ ရက်ရှည်ပိတ်ရက် ရရှိခြင်းကြောင့် အလုပ်လုပ်ကိုင်နေသူများအနေဖြင့် အနားယူရန် သို့မဟုတ် အပန်းဖြေခရီးထွက်ရန်အတွက် အလွန်ကောင်းမွန်သော အချိန်အခါဖြစ်ကြောင်း သိရှိရပါသည်။
Jan 09 • 4:38 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 244 | 0 | 0 | 0 |


