မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ အိန္ဒိယရိုးရာ အစားအစာများ ဧည့်ခံကျွေးမွေးမည့် "နှစ်သစ်ကူး တွေ့ဆုံပွဲအခမ်းအနား" ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်မြိုရှိ India House Lawns ၌ ကျင်းပခဲ့သည်။ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက အဖွင့်အမှာ စကားပြောကြားခဲ့သလို အိန္ဒိယယဉ်ကျေးမှုအဖွဲ့ကလည်း သီချင်းများ သီဆိုဖျော်ဖြေခဲ့သည်။ထို တွေ့ဆုံပွဲ အခမ်းအနား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Abhay Thakur၊ UMFCCI မှ တာဝန်ရှိသူနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ လူမှုအသိုက်အဝန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။



