တရုတ်နိုင်ငံ၊“ချုံချင့်ထုတ်လုပ်” စွမ်းအင်သစ်ကား ၁၀၈ စီး တင်ဆောင်ထားသော ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး စွမ်းအင်သစ်ကားတင် သီးသန့်ရထားတွဲသည် ဇန်နဝါရီ ၇ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကျွေဘူတာမှ စတင်ထွက်ခွာသွားခဲ့ရာ ၄၈ နာရီအကြာတွင် ကွမ်ကျိုးမြို့ နန်ဆားဆိပ်ကမ်းသို့ ရောက်ရှိမည်ဟု မျှော်မှန်းရပြီး ထို့နောက် ကုန်တင်သင်္ဘောပေါ်သို့ ရွှေ့ပြောင်းကာ အရှေ့အလယ်ပိုင်းဈေးကွက်သို့ ဆက်လက်ပို့ဆောင်မည်ဖြစ်သည်။ယခုအကြိမ်သီးသန့်ရထားတွဲသည် ၂၀၂၆ ခုနှစ်၏ ပထမဆုံး ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး “ချုံချင့်ထုတ်လုပ်” စွမ်းအင်သစ်ကားတင် သီးသန့်ရထားတွဲဖြစ်သည်။ ထို့ပြင် ၎င်းသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်တွင် ကွမ်ကျိုးနှင့် ချုံချင့်ဒေသနှစ်ခုက “စွမ်းအင်သစ်ကားများ ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေးဆိုင်ရာ ရေကြောင်းစောင့်ကြည့်ရေး အပြန်အလှန် အသိအမှတ်ပြုမှု စမ်းသပ်ဖော်ဆောင်ရာနေရာ” တရားဝင်စတင်သည့်အချိန်မှစ၍ ပမာဏအများအပြားဖြင့် ပို့ဆောင်ရေးလုပ်ငန်း လုပ်ဆောင်သည့် ပထမဆုံးအသုတ်လည်းဖြစ်သည်။
တရုတ်နိုင်ငံတွင် ၂၀၂၆ ခုနှစ်၏ ပထမဆုံး ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး ရထားတွဲခရီးစဉ်စတင်
Jan 09 • 4:18 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


