ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆူတက်ရပ်ကွက်အတွင်းရှိ ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၂ ဦးကို ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် ချင်းရိုင်နယ်စပ်ဂိတ်မှတစ်ဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် ဝင်ရောက်လာပြီးနောက် သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်ကာ တစ်ရက်လျှင် လုပ်ခ ၃၀၀ ဘတ်ဖြင့် သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်။ အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်ကလည်း ချမ်းဖွန့် ရပ်ကွက်ရှိ အလှပြင်ဆိုင်တစ်ဆိုင်တွင် အထောက်အထားမရှိဘဲ အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီး ၅ ဦးနှင့် ထိုင်းအလုပ်ရှင် ၂ ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် Border Pass ဖြင့် ဝင်ရောက်ကာ ရက်လွန်နေထိုင်ပြီး အလုပ်လုပ်နေသည့် မြန်မာ ၂ ဦး ဖမ်းဆီးခံရ
Jan 09 • 4:33 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


