back

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

Jan 09 • 4:13 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြု...

သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။“သူကတော့ ဖယ်ခိုင်းတာပေါ့၊ ဒါပေမယ့် ရက်စွဲတော့ မပါသေးဘူးလေ။ ဆိုင်တွေကတော့ ရက်စွဲ မပါမချင်းကတော့ ထွက်နေကြဦးမှာပဲ။ ရွှေ့ရမယ်ဆိုရင်တော့ အခက်အခဲ အများကြီးရှိတယ်၊ အခုဆို ၁၅ နှစ် ၁၅ နှစ်ကျော်လောက် ရှိပြီ ဒီမှာဖွင့်လာတာ။ ဆိုင်ခန်းနေရာ အသစ်ရှာရတာလည်း ခက်ခဲတယ်လေ၊ ဆိုင်ခန်းတွေ အများကြီးဆိုတော့ အများကြီး ဒုက္ခရောက်တယ်” ဟု တောင်ကြီးမြို့လယ် ဘောလုံးကွင်းရှိ ဈေးသည်အမျိုးသမီးတစ်ဦးကပြောသည်။အဆိုပါ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများကို လွန်ခဲ့သည့် ၁၉၉၄-၉၅ ခုနှစ်ခန့်တွင် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဆောက်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) သို့ ရန်ပုံငွေရှာဖွေရန် လွှဲပြောင်းပေးခဲ့ကြောင်း ဆိုသည်။ ထိုစဉ်က စည်ပင်ထံ စာချုပ်စာတန်းဖြင့် ဆိုင်ခန်း/တိုက်ခန်း ဝယ်ယူခဲ့သူများမှာ လျော်ကြေးငွေ ပြန်ရနိုင်ရန် ခက်ခဲခြင်းကြောင့် ဆိုင်ခန်းနေရာ အစားထိုးရှာပေးရန် အသနားခံစာ တင်ပြခဲ့သော်လည်း အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဖယ်ရှားပေးရန်သာ ထပ်မံသတိပေးလာကြောင်း ဈေးသည်များက ပြောသည်။

news-view-count-icon

36