back

မြန်မာ့ဆန်ဈေး နိုင်ငံတကာ ဈေးကွက်တွင် အနည်းငယ်တက်လာ

Jan 09 • 4:14 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ဆန်ဈေး နိုင်ငံတကာ ဈေးကွက်တွင် အနည်းငယ်တက်လာ

မြန်မာ့ဆန်ဈေးမှာဖိလစ်ပိုင်နိုင်ငံမှ ယခုနှစ် ဆန်၀ယ်မည့်အစီစဉ်ကြောင့် နိုင်ငံတကာဈေးကွက်တွင် မြန်မာဆန် ဈေးအနည်းငယ် မြင့်တက်လာသည်။ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် နိုင်င...

မြန်မာ့ဆန်ဈေးမှာဖိလစ်ပိုင်နိုင်ငံမှ ယခုနှစ် ဆန်၀ယ်မည့်အစီစဉ်ကြောင့် နိုင်ငံတကာဈေးကွက်တွင် မြန်မာဆန် ဈေးအနည်းငယ် မြင့်တက်လာသည်။ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် နိုင်ငံတကာဈေးကွက်၌ မြန်မာဆန်ဖြူ ၅ မှတ် (အကျိုးအကြေ ၅ ရာခိုင်နှုန်း)သည် တစ်တန် ပြည်ပရောင်းချသည့် FOB( free on board) ဈေး အမေရိကန်ဒေါ်လာ ၃၃၇ ဈေးဖွင့်သည်။အဆိုပါဈေးနှုန်းသည် မြန်မာနိုင်ငံ၏ မိုးစပါးပေါ်ချိန် အောက်တိုဘာလနှင့် နှိုင်းယှဉ်လျှင် ဆန်တစ်တန်၏ တန်ဖိုး ၃ ရာခိုင်နှုန်း၀န်းကျင်မြင့်တက်ခဲ့သည်။ အောက်တိုဘာတွင် မြန်မာ့ဆန်ဖြူ ၅ မှတ် တစ်တန်ဒေါ်လာ ၃၂၆ ၀န်းကျင် ဈေးဖွင့်ခဲ့သည်။ဖိလစ်ပိုင်နိုင်ငံသည် ပြီးခဲ့သည့် နှစ်က မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၀၀,၀၀၀ ကျော် ၀ယ်ယူခဲ့သည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံက အများဆုံး ဆန်၀ယ်ယူသည့် နိုင်ငံဖြစ်သည်။သို့သော် ဥရောပသမဂ္ဂ (အီးယူ)နိုင်ငံများက အာရှမှဆန်တင်သွင်းမှု ကန့်သက်ရန် စဉ်းစားနေသည်ဟု နိုင်ငံတကာသတင်းအချို့တွင်ဖော်ပြကြသည်။ ဥရောပနိုင်ငံများမှ ၆.၂mm အထက်အသွယ် ပေါင်းဆန်နှင့် ဆန်ဖြူ ၅% ကို ဇန်နဝါရီတွင် စတင်တင်ပို့ရန် စာချုပ်ချုပ်ဆိုထား‌ကြောင်း မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌကပြီးခဲ့သည့် နှစ်ဒီဇင်ဘာလတွင် အသီပေးထားသည်။

news-view-count-icon

39