back

ထိုင်းမှာ မြန်မာအလုပ်သမား ၁၆၈ ဦး စစ်ဆေးခံရပြီး ဧည့်စာရင်းမတိုင်တဲ့ သူ ဒဏ်ကြေးပေးခံရ

Jan 09 • 4:12 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ မြန်မာအလုပ်သမား ၁၆၈ ဦး စစ်ဆေးခံရပြီး ဧည့်စာရင်းမတိုင်တဲ့ သူ ဒဏ်ကြေးပေးခံရ

ထိုင်းနိုင်ငံ ၊ လယောင်ခရိုင် မှာ ဆောက်လုပ်ရေးလုပ်ငန်း ရှိ မြန်မာအလုပ်သမား ၁၆၈ ဦး ကို စစ်ဆေးခဲ့ပြီး ၊ ဧည့်စာရင်းမတိုင်တဲ့ သူ ဒဏ်ကြေးပေးခံရတယ်လို့ လူဝင်မှုကြီးကြပ...

ထိုင်းနိုင်ငံ ၊ လယောင်ခရိုင် မှာ ဆောက်လုပ်ရေးလုပ်ငန်း ရှိ မြန်မာအလုပ်သမား ၁၆၈ ဦး ကို စစ်ဆေးခဲ့ပြီး ၊ ဧည့်စာရင်းမတိုင်တဲ့ သူ ဒဏ်ကြေးပေးခံရတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာန က သိရပါတယ်။လယောင် လူဝင်မှုကြီးကြပ်ရေးနဲ့ အဖွဲ့စုံဟာ ဇန်နဝါရီ ၈ ရက်၊ မနက် ၆ နာရီ ၃၀ နာရီ မှာ လယောင်ခရိုင်၊ နစ်ခွန်ပဿနာရှိ ဆောက်လုပ်ရေး အလုပ်သမားစခန်းတစ်ခုကို ဝင်ရောက်ကာ မြန်မာအလုပ်သမား ၁၆၈ဦးကို စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။စစ်ဆေးစဉ် ဧည့်စာရင်း မတိုင်ထားသော မြန်မာအလုပ်သမားတစ်ဦး ဒဏ်ကြေးပေးဆောင်ခံခဲ့ရတယ်လို့သိရပါတယ်။ချွန်ဘူရီခရိုင် လယောင်ခရိုင် တွေမှာ ဒီရက်ပိုင်းအတွင်း လုပ်ငန်းခွင် အလုပ်ဆိုဒ် အလုပ်နေရာတွေကို အာဏာပိုင် တွေ နေတိုင်းဆိုသလို စစ်ဆေးမှုတွေ များလာ တာမို့မြန်မာအလုပ်သမားတွေ သတိထားဖို့လိုတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်ပေးနေသူက ဆက်လက်အသိပေးပြောထားပါတယ်။

news-view-count-icon

24