မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်နိုင်ငံခြားငွေကြေးဈေးကွက်တွင်စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ၂၂ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။နိုင်ငံခြားငွေကြေးဈေးကွက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်ဇန်နဝါရီလအတွင်း ပထမဦးဆုံးအကြိမ် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ထို့ပြင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့်နိုင်ငံခြားငွေများအနက် အမေရိ ကန်ဒေါ်လာ ၁,၀၄၂,၃၅၀ အားစားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့သည်။FX Trading တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ ကား၊ ဆိုင်ကယ် အပိုပစ္စည်း၊ပုံနှိပ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊စားသုံးကုန်စည် တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြောင်း သိရသည်။
Jan 09 • 4:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 50 | 0 | 0 | 0 |


