back

ကယားပြည်နယ်ရှိ ရောင်နီဦးကျောင်းက Pre GED သင်တန်းသားသစ်များ ခေါ်ယူ

Jan 09 • 4:11 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်ရှိ ရောင်နီဦးကျောင်းက Pre GED သင်တန်းသားသစ်များ ခေါ်ယူ

ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် ရောင်နီဦးကျောင်း (Yaung Ni Oo Education Center) က Pre GED အတွက် သင်တန်းသားသစ်များ ခေါ်ယူနေကြောင်း ထုတ်ပြန်ထားသည်။အဆို...

ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် ရောင်နီဦးကျောင်း (Yaung Ni Oo Education Center) က Pre GED အတွက် သင်တန်းသားသစ်များ ခေါ်ယူနေကြောင်း ထုတ်ပြန်ထားသည်။အဆိုပါ သင်တန်းတွင် အခြေခံပညာအထက်တန်း (စနစ်ဟောင်း) အောင်မြင်ထားသူများ၊ စနစ်သစ် Grade 12 အောင်မြင်ထားသူများ သို့မဟုတ် တက်ရောက်နေသူများ လျှောက်ထားနိုင်ပြီး နိုင်ငံတကာအဆင့်မီ GED စာမေးပွဲ ဖြေဆိုနိုင်ရန် လိုအပ်သည့် အခြေခံဘာသာရပ်များကို တစ်နှစ်ကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။သင်ကြားပေးမည့် ဘာသာရပ်များအနေဖြင့် RLA (Language Arts)၊ လူမှုရေးသိပ္ပံ၊ သဘာဝသိပ္ပံနှင့် သင်္ချာဘာသာရပ်တို့အပြင် လူငယ်များအတွက် လိုအပ်သည့် အများရှေ့စကားပြောစွမ်းရည် (Public Speaking) နှင့် အခြေခံစာရင်းကိုင်ပညာတို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။သင်တန်းလျှောက်လွှာများကိုYaung Ni Oo Education Center Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ယူနိုင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် နောက်ဆုံးထား လျှောက်ထားကြရန် ကြေညာထားသည်။

news-view-count-icon

45