ကယားပြည်နယ်၊(ကရင်နီ)ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် ထဲဖိုးဂီတသင်တန်းကျောင်း (HPMLC) အပတ်စဥ် ၂ နှင့် ၃ သင်တန်းဆင်းပွဲ နှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နေ့ တွင် ပြုလုပ်ခဲ့ကြောင်း တည်ထောင်သူ မော်ဖရေးမြာက ပြောသည်။" အပတ်စဥ် ၂ မှာက ၃၀ဦး ၊ အပတ်စဥ် ၃ မှာက ၂၈ ဦး သင်တန်းဆင်းခဲ့တယ်။ အပတ်စဥ် ၂ က သင်တန်းသားတွေကလည်း အပတ်စဥ် ၃ မှာ ထပ် ပူးပေါင်းတာတွေရှိတယ် " ဟု ၎င်းက ဆိုသည်။ ထဲဖိုးဂီတသင်တန်းကျောင်းက ဂစ်တာ ၊ တယော ၊ ကီးဘုတ် ၊ ပီယာနို ၊ ရီကော်ဒါ နှင့် ဂီတသီအိုရီများ အပြင် အင်္ဂလိပ်ဘာသာစကား အခြေခံ တို့ကို အပတ်စဥ် တစ်ခု လျှင် ၆ လကြာ သင်ကြားပေးခဲ့ကြောင်း ဆိုသည်။" ဒီအပတ်စဥ်တွေမှာ သူတို့ ကိုယ်ပိုင်သီချင်းရေးစပ်ထားတာတွေရှိတယ်။ အဓိကတော့ ဘတ်ဂျက် အခြေအနေကြောင့် မထုတ်ပေးဖြစ်သေးတာ " ဟု မော်ဖရေးမြာက ဆက်လက်ပြောသည်။



