back

မွန်ပြည်နယ်၊ဘီလင်းမြို့နယ်၊ ဝင်းပြန့်ကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွား၊ ယာဉ်မောင်းတစ်ဦး သေဆုံး

Jan 09 • 3:39 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ဘီလင်းမြို့နယ်၊ ဝင်းပြန့်ကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွား၊ ယာဉ်မောင်းတစ်ဦး သေဆုံး

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ ဝင်းပြန့်ကျေးရွာအနီးတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် နံနက် ၇ နာရီ ၅ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စ...

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ ဝင်းပြန့်ကျေးရွာအနီးတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် နံနက် ၇ နာရီ ၅ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူမှာ ကားအတွင်း ညပ်နေကြောင်း သတင်းရရှိသဖြင့် ဘီလင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ကူညီခဲ့ရသည်။ နံနက် ၇ နာရီခွဲအချိန်တွင် ကားအတွင်းညပ်နေသည့် ယာဉ်မောင်း၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ပြီး နှင်းပုလဲဒါနသုခပရဟိတအသင်းယာဉ်ဖြင့် ဘီလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

34