စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်သည် ဘုန်းမောက်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် မဟာပြိုင်ဘက် အာဆင်နယ်အသင်းအမှတ်တံဆိပ်ပါသော ခွက်ဖြင့် ကော်ဖီသောက်ခဲ့သည့်အတွက် စပါးပရိသတ်များ၏ ဒေါသတကြီး ဝေဖန်ခြင်းကို ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်ရာသီက ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့သော်လည်း လက်ရှိတွင် အမှတ်ပေးဇယားအဆင့် (၁၄) အထိ ကျဆင်းနေပြီး နောက်ဆုံး ၅ ပွဲတွင် ၁ ပွဲသာ အနိုင်ရထားသည့် စပါးအသင်းအတွက် ယခုဖြစ်ရပ်မှာ ပိုမိုဖိအားဖြစ်စေခဲ့သည်။ သောမတ်စ်ဖရန့်ခ်က ၎င်းအနေဖြင့် ခွက်ပေါ်ရှိ အမှတ်တံဆိပ်ကို သတိမထားမိခဲ့ကြောင်း ငြင်းဆိုထားသော်လည်း စိတ်ပျက်နေသည့် စပါးပရိသတ်များကမူ ၎င်းအား ရာထူးမှထုတ်ပယ်ရန်အထိ တောင်းဆိုမှုများ ပြုလုပ်နေကြကြောင်း သိရှိရပါသည်။
Jan 09 • 3:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


