မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၅၁,၀၀၀ စီ ပေးချေခဲ့ရသည့် မြန်မာလုပ်သား ၂၀ ဦးသည် ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခန်ခရိုင်ရှိ အုန်းခြံတစ်ခုအတွင်း ပုန်းအောင်းနေစဉ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ရန်ကုန်၊ ပဲခူးနှင့် မြဝတီမြို့တို့မှ လာကြသည့် အဆိုပါ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၈ ဦးတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာကြခြင်းဖြစ်ပြီး၊ ပွဲစားဖြစ်သူက ၎င်းတို့အား အုန်းခြံအတွင်း ခေတ္တစောင့်ဆိုင်းခိုင်းထားစဉ် ဒေသခံများ၏ သတင်းပေးမှုကြောင့် အဖမ်းခံရခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့အား အထောက်အထားမရှိဘဲ ခိုးဝင်မှုဖြင့် ဥပဒေအရ အရေးယူရန် ပြင်ဆင်နေပြီး၊ ပတ်သက်ဆက်နွှယ်နေသည့် ပွဲစားကွင်းဆက်များကိုလည်း ထိုင်းအာဏာပိုင်များက ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရပါသည်။
မလေးရှားသို့သွားရန် ဘတ် ၅ သောင်းကျော်စီ ပေးခဲ့ရသည့် မြန်မာလုပ်သား ၂၀ ဦး ထိုင်းအုန်းခြံအတွင်း ဖမ်းဆီးခံရ
Jan 09 • 3:08 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 37 | 0 | 0 | 0 |


