back

ဘရိုက်တန်နှင့်ပွဲတွင် ဒါရင်းဖလက်ချာ မန်ယူယာယီနည်းပြအဖြစ် ဆက်လက်တာဝန်ယူမည်

Jan 09 • 3:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘရိုက်တန်နှင့်ပွဲတွင် ဒါရင်းဖလက်ချာ မန်ယူယာယီနည်းပြအဖြစ် ဆက်လက်တာဝန်ယူမည်

လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် ဘရိုက်တန်အသင်းနှင့် အက်ဖ်အေဖလား (FA Cup) တတိယအဆင့်ပွဲစဉ်တွင် မန်ယူအသင်းကို ဒါရင်းဖလက်ချာက ယာယီနည်းပြအဖြစ် ဆက်လက်ကိုင်တွယ်သွားမည်...

လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် ဘရိုက်တန်အသင်းနှင့် အက်ဖ်အေဖလား (FA Cup) တတိယအဆင့်ပွဲစဉ်တွင် မန်ယူအသင်းကို ဒါရင်းဖလက်ချာက ယာယီနည်းပြအဖြစ် ဆက်လက်ကိုင်တွယ်သွားမည် ဖြစ်သည်။ နည်းပြ အာမိုရင်မ်ကို ရာထူးမှ ထုတ်ပယ်ပြီးနောက် မန်ယူအသင်းသည် ယခုရာသီကုန်အထိ ယာယီနည်းပြဖြင့်သာ သွားရန် စီစဉ်ထားခြင်းဖြစ်သည်။ ဖလက်ချာသည် ပြီးခဲ့သည့် ဘန်လေနှင့်ပွဲတွင် ပထမဆုံးအကြိမ် တာဝန်ယူခဲ့ပြီး ၂ ဂိုးစီ သရေကျခဲ့ကာ၊ ယခုပွဲအတွက်လည်း အမှုဆောင်ချုပ် အိုမာဘာရာဒါနှင့် ဘောလုံးဒါရိုက်တာ ဂျေဆင်ဝီလ်ကော့ဇ်တို့က ၎င်းကို ယုံကြည်မှုပေးကာ ဆက်လက်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

45