ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ နဝရတ် (၆) လမ်းတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ ည ၂၃ နာရီ ၄၇ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ သတင်းရရှိခြင်းနှင့် တစ်ပြိုင်နက် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ချက်ချင်းထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၂၃ နာရီ ၅၃ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးသတ်တပ်ဖွဲ့၏ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်မှုကြောင့် မီးလောင်မှုမှာ ၆ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး အချိန်မီထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
Jan 09 • 3:04 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 37 | 0 | 0 | 0 |


