back

ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း မတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခံရမည်

Jan 09 • 3:04 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ရက်အတွင်း မတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခံရမည်

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ထားသည့် ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရန် ပျက်ကွက်ပါက အရည်အချင်းပျက်ယွင်းသူ...

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ထားသည့် ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရန် ပျက်ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ထုတ်ပြန်သတိပေးလိုက်သည်။ ရွေးကောက်ပွဲ အပိုင်း (၁) တွင် ယှဉ်ပြိုင်ခဲ့သူများသည် အနိုင်ရကိုယ်စားလှယ်အမည် ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ကုန်ကျစရိတ်စာရင်း ပုံစံ (၂၀) ကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲများသို့ တင်သွင်းရမည်ဖြစ်သည်။ နည်းဥပဒေ ၁၀၉ အရ ယင်းသို့တင်သွင်းရန် ပျက်ကွက်သူများသည် နောင်လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည့် "အရည်အချင်းပျက်ယွင်းသူ" အဖြစ် သတ်မှတ်ခံရမည်ဖြစ်သဖြင့် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များ အထူးဂရုပြုဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

news-view-count-icon

43