back

(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ဇင်းကျိုက်မြို့တွင် ကျင်းပသွားမည်

Jan 09 • 3:02 AM

breaking-news

မြန်မာ

မွန်

cover

(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ဇင်းကျိုက်မြို့တွင် ကျင်းပသွားမည်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို လာမည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (တပို့တွဲလပြည့်ကျော်...

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို လာမည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (တပို့တွဲလပြည့်ကျော် ၁ ရက်) နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မွန်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အဆို၊ အက၊ အတီးနှင့် မွန်အလှမယ်ပြိုင်ပွဲများကိုလည်း ထည့်သွင်းပြုလုပ်သွားမည်ဖြစ်သည်။ မွန်အမျိုးသားနေ့ကို သမလ၊ ဝိမလ မင်းညီနောင်နှစ်ပါး ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့်နေ့ကို အစွဲပြု၍ နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်တွင် နယ်မြေမလုံခြုံမှုများကြောင့် အချို့နေရာများ၌ အခမ်းအနားများ မကျင်းပနိုင်သည့် အခြေအနေများရှိနေကြောင်း သိရှိရပါသည်။

news-view-count-icon

85